အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / May 04, 2021


 

တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သော ဂြိုဟ်တုစလောင်း များမှတစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် နေစဉ်ကာလအတွင်း နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေး တို့ကို ထိခိုက်စေသော အကြောင်းအရာများနှင့် နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန် နေသူများကို အားပေးကူညီရာ ရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထိုတရားမဝင်ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုဖမ်းယူကြည့်ရှုမှုများ ပြုလုပ်ပါက အများ ပြည်သူ၏ ကောင်းကျိုးကို ရည်ရွယ်ပြဋ္ဌာန်းခဲ့သော တည်ဆဲဥပဒေ ၊ နည်းဥပဒေ များအား မသိနားမလည်စွာ ကျူးလွန်ဖောက်ဖျက်ရာ ရောက်မိတတ်ပါသည်။

သို့ဖြစ်ပါ၍ ထောင်ဒဏ် ၁ နှစ် ၊ ဒဏ်ငွေ ၅ သိန်း အစရှိသည့် ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း သိရှိစေရန် စေတနာကောင်းဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန

 (၄-၅-၂၀၂၁)