ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အိန္ဒိယနိုင်ငံ၊ လွှတ်တော်အဆောက်အအုံသစ် အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual Mode) ဖြင့် တက်ရောက်


Pyithu Hluttaw/ နေပြည်တော် / December 11, 2020


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် အိန္ဒိယနိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Shri Om Birla ၏ ဖိတ်ကြားချက်အရ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ က အုတ်မြစ်ချမင်္ဂလာပြုလုပ်ပေးသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ လွှတ်တော်ဝင်း အတွင်း၌ တည်ဆောက်မည့် လွှတ်တော်အဆောက်အအုံသစ် အုတ်မြစ်ချမင်္ဂလာ အခမ်းအနား (Foundation Stone Laying Ceremony) သို့ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual Mode) ဖြင့် ပါဝင် တက်ရောက် ခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်