ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနရုံးအမှတ်(၃၁)၊ နေပြည်တော်လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနရုံးအမှတ်(၃၁)၊ နေပြည်တော်လျှောက်လွှာခေါ်ယူခြင်း
Ministry of Religious Affairs & Culture/ Naypyitaw / November 01, 2021

၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနအောက်ရှိ ခရိုင်/မြို့နယ်သာသနာရေးမှူးရုံးများတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး လစာနှုန်းကျပ်(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၁၉)နေရာအတွက် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား(အမျိုးသား)ဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် ၁-၁-၂၀၂၁ ရက်နေ့တွင်-
(၁) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၂၅)နှစ်ထက် မကျော်လွန်ရ။
(၂) အစိုးရဝန်ထမ်းဖြစ်ပါက ဝန်ထမ်းလုပ်သက်(၅)နှစ်ရှိပြီး
အသက်(၃၀)နှစ်ထက် မကျော်လွန်ရ။
(ဂ) ကျန်းမာရေးကောင်းမွန်ရမည်။
(ဃ) ဤဌာနတွင် အနည်းဆုံး(၃)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။
(င) ပြည်တွင်းတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ(သို့မဟုတ်)စာရင်းအင်းပညာဘွဲ့(သို့မဟုတ်)
ဥပဒေဘွဲ့(သို့မဟုတ်) သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)
အောင်မြင်သူများ လျှောက်ထားနိုင်သည်။
(စ) နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ရမည်။
၂။ လျှောက်လွှာတွင် အောက်ပါအချက်များ ပြည့်စုံစွာဖော်ပြပါရှိရမည်-
(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
(ခ) မွေးသက္ကရာဇ်နှင့် အသက်
(ဂ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်း
(င) မိဘအမည်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
(စ) အိမ်ထောင်ရှိ/ မရှိ
(ဆ) နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ(ပူးတွဲ)ပါရှိရမည်-
(က) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ
(နောက်ကျောတွင် အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဂ) ပညာအရည်အချင်းအထောက်အထားမိတ္တူ
(ဘွဲ့လက်မှတ်၊ ၁၀ တန်းအောင်လက်မှတ်)
(ဃ) ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
(င) အိမ်ထောင်စုစာရင်း(ပုံစံ ၆၆ “က”)မိတ္တူ
(စ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာန၊ ရာထူး၊ လစာနှုန်း၊ သက်ဆိုင်ရာဌာနခွင့်ပြုမိန့်မူရင်း
(ဆ) စာမေးပွဲဝင်ကြေးငွေကျပ် ၁၀၀၀ ပေးသွင်းထားသည့် ချလန်မူရင်း
(ဇ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း (တစ်လအတွင်း ထောက်ခံချက်)
၄။ စာမေးပွဲဝင်ကြေးကျပ် ၁၀၀၀/-(တစ်ထောင်တိတိ)ကို မြို့နယ်များမှ လျှောက်ထားသူများသည် မိမိတို့မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးခွဲ)များတွင် ဘဏ်ငွေလွှဲလက်မှတ်ပြုလုပ်၍ လက်ထောက် အထွေထွေမန်နေဂျာ၊ နေပြည်တော်ဘဏ် (MD-၀၁၀၆၄၆)သို့ ပေးသွင်းရမည် (သို့မဟုတ်) နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ်(MD-၀၁၀၆၄၆)သို့ ပေးသွင်းရမည်။
၅။ လျှောက်လွှာများကို ၂၇-၁-၂၀၂၁ ရက်နေ့ထိ ရုံးချိန်အတွင်း ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်သို့ နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်။
၆။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအထောက်အထား မပြည့်စုံသူများကို လုံးဝထည့်သွင်း လက်ခံစဉ်းစားမည် မဟုတ်ပါ။
၇။ ရွေးချယ်ခံရသူများသည် သတ်မှတ်ထားသည့် ဆေးအဆင့်နှင့်ပြည့်စုံကြောင်း ဆေးလက်မှတ် တင်ပြနိုင်ရမည်။
၈။ ဖြေဆိုခွင့်ရရှိသူ၏ အမည်စာရင်း၊ ခုံအမှတ်၊ ဖြေဆိုမည့် နေ့ရက်နှင့် နေရာများကို ၅-၂-၂၀၂၁ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ရုံးအမှတ်(၃၁) နေပြည်တော်(ကြော်ငြာသင်ပုန်း)နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) Website (www.mora.gov.mm) နှင့် (www.dpps.gov.mm)တို့တွင် ကြေညာပေးထားမည်ဖြစ်ပါသည်။
၉။ လျှောက်ထားသူသည် ရေးဖြေစာမေးပွဲဖြေဆိုရမည်။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်(၃)ခုကို ဖြေဆိုရမည်-
(က) မြန်မာစာ
(ခ) အင်္ဂလိပ်စာ
(ဂ) အထွေထွေဗဟုသုတ
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုမည်။
၁၁။ အသေးစိတ်သိရှိလိုပါက သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ရုံးအမှတ်(၃၁)နေပြည်တော် ဖုန်း(၀၆၇-၃,၄၀၆၂၆၀)သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။