“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း

Latest News



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာအစဉ်အလာနှင့်အညီ မနောအကစုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး

Posted on January 10, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အား ရိုးရာအစဉ်အလာနှင့်အညီ မနောအကစုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး


Newspapers Explore more >

Myanmar


Posted on May 12, 2023

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 25, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on May 24, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Posted on May 23, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 22, 2022

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Posted on May 21, 2022

“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / August 16, 2022


၁။           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဝန်ကြီးဌာနတင်ဒါကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက် ၁/ ၂၀၂၂ နှင့်အညီ  ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်တက္ကသိုလ်များတို့၏ တင်ဒါလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တွေ့ကြုံရသောအခက်အခဲများ ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ “ ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း ” (Public Feedback Program) အစီအစဉ်တွင် တင်ဒါလုပ်ငန်းများတွင်ပါဝင် ဆောင်ရွက် ခဲ့သည့် ကုမ္ပဏီ/ အဖွဲ့အစည်းများမှ အောက်ဖော်ပြပါမေးခွန်းများကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်-

              (က)    ဌာနသို့လာရောက်စဉ် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ကျေနပ်မှုရှိပါသလား၊

              ( ခ )   လုပ်ငန်းဆောင်ရွက်ရာတွင် အခက်ခဲ၊ အဆင်မပြေမှု ရှိပါသလား၊

              ( ဂ )   စာရွက်စာတမ်း၊ ငွေသွင်း/ငွေထုတ် အဆင်ပြေမှု ရှိပါသလား၊

              (ဃ)    ဝန်ထမ်းများအား တံစိုးလက်ဆောင် တစ်စုံတစ်ရာ ပေးအပ်ရခြင်း ရှိပါသလား၊

              ( င )   တင်ဒါကိစ္စလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ထပ်မံအကြံပြုချက်များ ရှိပါသလား ။

၂။            ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဖြေကြားချက်များကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဖုန်းအမှတ် ၀၆၇- ၄၁၀၀၃၁ သို့လည်းကောင်း၊ e-mail လိပ်စာ policy@mcrd.gov.mm သို့လည်းကောင်း ဆက်သွယ်၍ဖြေကြားချက်များကို ပြန်လည်ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

တင်ဒါကော်မတီ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန