Ministry of Industry

စက်မှုဝန်ကြီးဌာန

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ

၁။ စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏စားဝတ်နေရေးအတွက် နေ့စဉ်အသုံးပြုနေရ သည့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်၊
အထည်အလိပ်၊ ဆေးဝါးနှင့် အခြား လူသုံးကုန် ပစ္စည်းများကိုလည်းကောင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ တို့တွင် လိုအပ်သည့်
မော်တော်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများနှင့် ဘိလပ်မြေများ၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ၊
ဒီဇယ်အင်ဂျင်များ၊ စက်ပစ္စည်းကိရိယာများ၊ လျှပ်စစ်ပစ္စည်းများဖြစ်သည့် ထရန်စဖော်မာ၊ ပီဗွီစီဝါယာ၊ ကြေးကြိုးများ၊ တာယာနှင့် ရော်ဘာထွက်ကုန်များ၊ ရေအား
လျှပ်စစ်တာဘိုင်နှင့် လျှပ်စစ်ဓါတ်အားပေးစက်များကို လည်းကောင်း ထုတ်လုပ် ဖြန့်ဖြူးပေး လျက်ရှိပါသည်။

၂။ စက်မှုဝန်ကြီးဌာနသည် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုဆိုင်ရာ အတတ်ပညာနည်းပညာသစ် များ ကို တက်မြောက်သည့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးရန်၊ စက်ရုံ/အလုပ်ရုံများတွင် တာဝန် ထမ်းဆောင် နေကြသော လုပ်သားများ၏ ကျွမ်းကျင်မှု အဆင့်အတန်းများ ပိုမိုမြင့်မားစေရန်နှင့်
စက်မှုအတတ်ပညာ ဝါသနာပါသူ လူငယ်များအား စက်မှုနည်းပညာများကို သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် စက်မှုသင်တန်း ကျောင်း (၆) ကျောင်းကို ဖွင့်လှစ်၍ စက်မှုကျွမ်းကျင် လုပ်သား ၁,၀၀၀ကျော်ကို နှစ်စဉ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူနေမှုဘဝမြှင့် တင်နိုင်ရေးအတွက် အရေးကြီးသောကဏ္ဍလည်းဖြစ်ပါသည်။ စက်မှုဝန်ကြီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ်တွင်
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို တည်ထောင်ခဲ့ပြီး လိုအပ်သည့် မူဝါဒများချမှတ်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှု ကိစ္စများအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေရရှိရေးနှင့် ပြည်ပအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ချေးငွေ ရရှိရေးတို့အတွက် ဆောင်ရွက်ခဲ့ပါ သည်။ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် SME Supporting Center များ ထူထောင်၍ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံတွင် အသေးစား နှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနကိုသွတ်သွင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ဖွဲ့စည်းပုံတိုးချဲ့ ဆောင်ရွက်လျက် ရှိပါသည်။

ရည်မှန်းချက်များ

၁။      စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆက်လက်ဆောင်ရွက် သင့်သည့်  နိုင်ငံပိုင် စက်ရုံအလုပ်ရုံများအောင်မြင်မှုရရှိစေရန်၊ ပုဂ္ဂလိကစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအားတိုးမြှင့်ဆောင်ရွက်ရန် နှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်။

၂။       လုပ်သားအခြေပြုစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ပြီး ပြည်တွင်းဈေးကွက်ချဲ့ထွင်နိုင်ခြင်းမှတဆင့် ပို့ကုန်ဦးစားပေးစက်မှုလုပ်ငန်းများဖြစ်ပေါ်လာစေရန်။

မူဝါဒ

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများဘက်ညီဖွံ့ဖြိုးရေးအတွက် လယ်ယာအခြေခံ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များတန်ဘိုးမြှင့် ထုတ်လုပ်သည့် လုပ်ငန်းများ နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာစေရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှု လုပ်ငန်း များအားဆက်လက်ထူထောင်ခြင်းဖြင့်
သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ ထုတ်ကုန်များ တိုးမြင့်လာစေရေး၊

၂။      စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအောင်မြင်မှုရရှိ စေရေး နှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမို မြှင့်တင်ရေးအတွက်နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက်ရေး၊

၃။     စက်မှုထုတ်ကုန်များအရည်အသွေးတိုးတက်မြင့်မားလာစေရန်နှင့် ဆန်းသစ်တီထွင်နိုင်ရန် အတွက် သုတေသနနှင့်နည်းပညာလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးနှင့် စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊

၄။      ပြည်တွင်းရှိ သယံဇာတကုန်ကြမ်းပစ္စည်းများကိုထိရောက်အကျိုးရှိစွာ အသုံးပြုပြီး တန်ဘိုး မြှင့်ထုတ်လုပ်ခြင်းအားတိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် စက်မှုလုပ်ငန်းများဖြစ်စေရေး နှင့်စွမ်းအင်ကိုအကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး။

လုပ်ငန်းစဉ်များ

၁။      နိုင်ငံပိုင်စက်မှုလုပ်ငန်းများအား ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှုများအား လိုအပ်သလို ပြောင်းလဲပြင်ဆင် ကျင့်သုံး ဆောင်ရွက်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊
ထုတ်ကုန်များ အရည်အသွေး ကောင်းမွန် စေရေးနှင့် ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီစေရန် သုတေသနပြုလုပ်ခြင်း၊ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်း၊ အရောင်းမြှင့်တင်ရေးအစီအစဉ်များ
ပြုလုပ်ခြင်း တို့ဖြင့် အောင်မြင်မှုရရှိစေရန်ဆောင်ရွက်မည်။
၂။      ပြုပြင်ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိက နှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခြင်း၊ နည်းပညာသစ်များ ထပ်တိုးခြင်း တို့ဖြင့် ပုဂ္ဂလိက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်မည်။
၃။     နိုင်ငံပိုင်စက်ရုံအလုပ်ရုံများအား ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ဝန်ထမ်း ရေးရာကိစ္စရပ်များနှင့်ပတ်သက်သည့် ခိုင်မာသောမူဝါဒချမှတ်၍ ဝန်ထမ်းများအား စနစ်တကျလွှဲပြောင်းပြီး သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်သွားမည်။
၄။      အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များထံမှ အကူအညီ အထောက်အပံ့ရရှိနိုင်ရန်နှင့် လုပ်ငန်းများရေရှည်ဖွံ့ဖြိုး တိုး တက်ရေးအတွက် ဆောင် ရွက်သွားမည်။
၅။      စက်မှုဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို စနစ်တကျလေ့ကျင့်ပျိုးထောင်ပြီး နိုင်ငံတကာ အဆင့်မီအရည်အချင်းရှိသူများဖြစ်သည်အထိ လေ့ကျင့်ပျိုးထောင် ပေးနိုင်ရေးအတွက် စက်မှုသင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး
အစီအစဉ်များအား ဆောင်ရွက်မည်။
၆။  စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးဆိုင်ရာ ဥပဒေမူဘောင်များ ထွက်ပေါ်လာရေးနှင့် စွမ်းအင်ချွေတာရေး ရည်မှန်းချက်များပြည့်မီရေးအတွက် လိုအပ်သည့် အစီအမံများ ကိအကောင်အထည်ဖော်ဆောင်ရွက်မည်။

ဖွဲ့စည်းပုံ

စက်မှုဝန်ကြီးဌာနကို အောက်ဖော်ပြပါ ဦးစီး/လုပ်ငန်းဌာနများနှင့် ဖွဲ့စည်းထားပါသည်-

(က) ပြည်ထောင်စုဝန်ကြီးရုံး
( ခ) စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
( ဂ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
(ဃ) အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း
( င) အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
( စ) အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း
(ဆ) မြန်မာ့ဆေးဝါးလုပ်ငန်း

Website လိပ်စာ

www.industry.gov.mm