ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၉၉၂ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။


မူဝါဒ နှင့်ရည်မှန်းချက်များ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏မူဝါဒ(၆)ရပ်

(၁) ခရီးသွားလာရေးလုပ်ငန်းကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးသည့်အရေးကြီးသော စီးပွားရေးကဏ္ဍြဖစ်စေရေး၊
(၂) ခရီးသွားလာရေးလုပ်ငန်း ရေရှည်တည်တံ့စေရေးအတွက် တိုင်းရင်းသားအားလုံး၏ယဉ်ကျေးမှု အမွေ အနှစ်များ၊ ဓလေ့ထုံးစံများ၊ ရေမြေတောတောင်သဘာဝ ပတ်ဝန်းကျင်များကို ထိန်းသိမ်း စောင့်ရှောက်ရေး၊
(၃) ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ တိုးတက်ကျယ်ပြန့်အောင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှု စီးပွားရေးဘဝများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး၊
(၄) နိုင်ငံတကာနှင့်ဒေသတွင်းချုပ်ဆိုထားသော သဘောတူစာချုပ်များကို နိုင်ငံ၏အကျိုးစီးပွားနှင့် ယှဉ်၍ တတ်စွမ်းသမျှ အကောင်အထည်ဖော်ဆောင်ရေး၊
(၅) ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍအနေဖြင့် ပါဝင်ဖြည့်ဆည်း အကျိုး ပြုစေရေး၊
(၆) ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ရေး။

Website လိပ်စာ

www.tourism.gov.mm

ရရှိနိုင်သော ဝန်ဆောင်မှုများ

၁။ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

၂။ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

၃။ မီးပုံးပျံ လိုင်စင်လျှောက်ထားခြင်း

၄။ သင်္ဘော လိုင်စင်လျှောက်ထားခြင်း

၅။ ရေယာဉ် လိုင်စင်လျှောက်ထားခြင်း