Ministry of Construction

ဆောက်လုပ်ရေးဝန်ကြီးဌာန

ဌာနအဖွဲ့အစည်းအကြောင်းအရာ

၁၈၈၈ခုနှစ် တွင် ပြည်သူ့လုပ်ငန်းဌာန Public Works Department (P.W.D) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းလုပ်ငန်းဌာနတွင် အဆောက်အဦနှင့် လမ်းဌာနခွဲ၊ ဆည်မြောင်းဌာနခွဲ တို့ ပါရှိ ပါသည်။ ၁၉၂၂ခုနှစ် အဆောက်အဦနှင့် လမ်းဌာနခွဲအား ဒိုင်အာခီအစိုးရမှ လွှဲယူပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် ခရိုင်နှင့်မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ခုနှစ်တွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ပြည်သူ့လုပ်ငန်းဌာန မှအဆောက်အဦလုပ်ငန်းများကို လွှဲယူခဲ့ရာ ပြည်သူ့လုပ်ငန်းဌာနတွင် လမ်းလုပ်ငန်းများသာ ကျန်ရှိခဲ့သည့်အတွက် ပြည်သူ့လုပ်ငန်းဌာနအား ၁၉၅၂ခုနှစ်တွင် လမ်းလုပ်ငန်းဌာန Highways Department ဟုအမည်ခေါ် ဆောင်ရွက် ခဲ့ပြီး၊ ယင်းနှစ်တွင်ပင် လုပ်ငန်းများ ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၄ခုနှစ်တွင် လမ်းလုပ်ငန်းဌာနတွင် ကျန်ရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ဌာန၊ သန့်ရှင်းရေးအင်ဂျင်နီယာဌာနများအားပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့်မြို့ရွာစည်ပင်ရေးအဖွဲ့နှင့် ပေါင်း၍ ဝန်ကြီးဌာနအမည်အား ပြည်သူ့လုပ်ငန်းနှင့်အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန ဟု ပြောင်းလဲခေါ်တွင်ခဲ့ ပါသည်။ ၁၉၇၂ခုနှစ် တော်လှန်ရေးကောင်စီ ကြေငြာချက်အမှတ် (၉၇)အရ ပြည်သူ့လုပ်ငန်းနှင့် အိမ်ရာဆောက် လုပ်ရေးဝန်ကြီးဌာန အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဟု ပြုပြင်ဖွဲ့စည်းခဲ့ပါသည် ။
 

မူဝါဒ ၊ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များ 

မူဝါဒ 

- မြန်မာနိုင်ငံ၏ ဆောက်လုပ်မှုကဏ္ဍကို စနစ်ကျန၍ ခေတ်မီစွာ ဖွံဖြိုးတိုးတက်စေရန်
- မြန်မာနိင်ငံ၏ လမ်း၊တံတားများကို အဆင့်မီ ဖွံဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေး စရိတ်နှင့် အချိန်ကို လျော့ချနိုင်ရန်
- မြန်မာနိုင်ငံ၏ မြို့ပြနှင့် အိမ်ယာကဏ္ဍကို ဟန်ချက်ညီညီ၊စဉ်ဆက်မပြတ် ရေရှည်ဖွံဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရန်
- ပြည်သူလူထုအတွက် နိုင်ငံတော်၏ အထောက်အပံ့နှင့် ပြည်တွင်း၊ပြည်ပမှ ငွေကြေးကဏ္ဍ ပူးပေါင်းကူညီမှုများဖြင့် သင့်လျော်ကောင်းမွန်သည့် အိမ်ယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရန်
- ကျေးလက် လမ်း၊တံတားများ ဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်
 

မျှော်မှန်းချက်

-၂၀၃၀ ခုနှစ်တွင် လက်ရှိ ကီလိုမီတာ(၄၂၁၂၁) ရှိ လမ်းများအား ASEAN Class III (၁၈) ပေ အကျယ် ကတ္တရာလမ်း၊ကွန်ကရစ်လမ်း အဆင့် အနည်းဆုံးရောက်ရှိရန်
-၂၀၃၀ ခုနှစ်တွင် တံတားများအားလုံး (၂၄) ပေ အကျယ် နှစ်လမ်းသွား RC တံတား / PC တံတား / သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိရန်
-၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း (၃၃၀)ကျော်ကို စနစ်ကျနသော မြို့ပြ Urban Planning ရေးဆွဲဆောင်ရွက်ခြင်း၊ စနစ်တကျ တည်ဆောက်ပြီးဖြစ်သည့် မြို့ကွက်များ ဖြစ်စေရန်၊ အဆိုပါမြို့များအားလုံးတွင် အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်း ဆိုင်ရာများမှ တည်ဆောက်မည့် အိမ်ခန်း (၁) သန်း တည်ဆောက် ပြီးစီးရန်
- ၂၀၃၀ ခုနှစ်တွင် ကျေးရွာအားလုံး၏ (၈၀)%အား ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်ရန်


ရည်မှန်းချက်

- မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်၇န် အဆောက်အအုံများ ဖွံဖြိုးတိုးတက် လာစေရန်
- တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လမ်း၊တံတားများနှင့် မြို့ပြဒေသများ အချိုးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်
- မြန်မာနိုင်ငံ၏ GDP တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် သယ်ယူ ပို့ဆောင်ရေး စရိတ်အား အနည်းဆုံးလျှော့ချနိုင်ရန် သွားလာမည့် အချိန် အတိုဆုံး ဆောင်ရွက်နိုင်ရေးအတွက် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်းနှင့် အတားအဆီးများ ဖယ်ရှားရန်
- နိုင်ငံသားများအားလုံး လူနေမှုဘဝ မြှင့်တင်စေမည့် သင့်လျော်ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်

လုပ်ငန်းတာဝန်များ

ဆောက်လုပ်ရေးဝန်ကြီးဌာန သည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များအား စီမံချက်ချမှတ်၍ ရည်မှန်းချက် ပြီးမြောက်အောင်မြင်စွာ ဆောက်ရွက်ရန် လက်အောက်ရှိ အဖွဲ့အစည်းများကို ကြီးကြပ်ဆောင်ရွက် လျက်ရှိပါသည် -
(က) နိုင်ငံတော်မှချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ)လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးအတွက် လမ်းနှင့်တံတားများအား စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်း ၊
( ဂ )  တည်ဆောက်ပြီးသော လမ်းနှင့်တံတားများအား ပြင်ဆင်ထိန်းသိမ်းခြင်း ၊
(ဃ)အခြားသော ဝန်ကြီးဌာနများက လုပ်ငန်းအပ်နှံသည့် လေယာဉ်ကွင်းများ၊စက်ရုံ ၊အလုပ်ရုံများအပါအဝင် ပညာရေး၊ကျန်းမာရေးစသည့်
နိုင်ငံပိုင်အဆောက်အဦးများကို တည်ဆောက်ပြုပြင်မွမ်းမံထိမ်းသိမ်းခြင်း၊
( င )   မြို့ပြနှင့်ဒေသစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း ၊
(စ)လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့သစ်များတိုးချဲ့ တည်ဆောက်ခြင်း၊ ရပ်ကွက်သစ်များ တည်ဆောက်ခြင်း၊
(ဆ)  ပြည်သူများနှင့် ဝန်ထမ်းများ နေထိုင်ရေးကို တဖက်တလမ်းမှ အခက်အခဲ ဖြေရှင်းပေးနိုင်ရန် အိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
( ဇ )  နိုင်ငံပိုင် အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ၊
( ဈ )နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် ချမှတ်ထားသော လမ်းညွှန်မှုများနှင့် မူဝါဒများအရ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း ၊

Website လိပ်စာ

www.construction.gov.mm

 

BREAKING NEWS
  • Testing Latest News Upload
  •           
  • Testing for Latest news dma 16.8.2019
  •           
  • npt
  •           
  • breaking news
  •           
  • Testing for Breaking news dma
  •           
  • MYANMAR NATIONAL TRAIN-IMPLEMENT COURSE
  •           
  • BAY INFERENCE: Monsoon is weak to moderate over the Andaman Sea and Bay of Bengal.
  •           
  • News 1111
  •           
  • လိုင်စင်ရရှိပြီး ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီစာရင်း
  •           
  • Fly with us from Yangon to Mandalay, Nyaung U and Heho
  •