Ministry of Border Affairs
Ministries
- Ministry of Foreign Affairs
- Ministry of President Office
- Ministry of Home Affairs
- Ministry of Defense
- Ministry of Border Affairs
- Ministry of State Counsellor Office
- Ministry of Information
- Ministry of Union Government Office
- Ministry of Religious Affairs & Culture
- Ministry of Agriculture, Livestock & Irrigation
- Ministry of Transport and Communications
- Ministry of Natural Resources & Environmental Conservation
- Ministry of Electricity & Energy
- Ministry of Labour, Immigration & Population
- Ministry of Industry
- Ministry of Commerce
- Ministry of Education
- Ministry of Health & Sports
- Ministry of Planning & Finance
- Ministry of Investment and Foreign Economic Relations
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotel & Tourism
- Ministry of Ethnic Affairs
- Ministry of International Cooperation
နယ်စပ်ရေးရာဝန်ကြီးဌာန
နောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အချိန်မှ စတင်၍ တိုင်းရင်းသား အချင်းချင်းအထင် အမြင်လွဲမှားမှု၊ အယူအဆကွဲပြားမှုများကြောင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အမျိုးမျိုးပေါ်ပေါက်လာခဲ့ရပါသည်။ သို့ဖြစ်၍ ခေတ်အဆက်ဆက် အစိုးရများသည် နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ရန် အားခဲခဲ့ကြရပါသည်။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ တရားဥပဒေဘောင်အတွင်းစတင်ဝင်ရောက်လာချိန်မှစ၍ တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာရေး လုပ်ငန်းများနှင့်အတူ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို တစ်ဆင့်ထက် တစ်ဆင့်တိုးမြှင့်ပြီး စနစ်တကျ စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်း ကော်မတီရုံး စတင် ဖွဲ့စည်းခဲ့ပါသည်။
နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ရုံးဖွင်လှစ်ဆောင်ရွက်ရာမှ လုပ်ငန်းများ ကျယ်ပြန့်လာသည် နှင့်အမျှ မျက်ခြည်မပြတ် ကွပ်ကဲ ကြပ်မတ်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄-၉-၁၉၉၂) ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ထို့နောက်လုပ်ငန်းလိုအပ်ချက်အရ (၃၀-၁-၁၉၉၄) ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ်(၁၅/၉၄)ဖြင့်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာ ရေး ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။
ထပ်မံ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအား နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း ဆောင် ရွက်လျက်ရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (၂) ခုဖြင့် ဖွဲ့စည်းထား ရှိပါ သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသရှိတိုင်းရင်းသား လူမျိုးများ၏ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒများ
၁။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊
၂။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရေး၊
၃။ နယ်စပ်ဒေသတွင် နေထိုင်သောပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊
၄။ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး စေရေး၊
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်များ
၁။ နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေး တို့ကို ထိန်းသိမ်းရန်၊
၂။ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ စေရန်၊
၃။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက် ပေးခြင်း ဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်၊
၄။ တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှု၊စာပေ၊ဓလေ့ထုံးစံတို့ကိုမြတ်နိုးစွာ ထိန်းသိမ်း နိုင်စေရန်၊
၅။ နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားစေရန်၊
၆။ တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာ နှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြား ပေးရန်၊
၇။ တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကို အသိ စိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်၊
နယ်စပ်ရေးရာဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရေး နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(၁) ဖွံ့ဖြိုးရေးဒေသများသတ်မှတ်ရန် လုပ်ငန်းကော်မတီသို့ ထောက်ခံတင်ပြခြင်း၊
(၂) နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ နှစ်တို၊ နှစ်ရှည်ပင်မစီမံကိန်းများကို လုပ်ငန်းဆပ်ကော်မတီများဒေသဆိုင်ရာလုပ်ငန်း ကော်မတီများနှင့် ညှိနှိုင်းရေးဆွဲတင်ပြခြင်း၊
(၃) အတည်ပြုချမှတ်ပေးထားသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများ သတ်မှတ် ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ညှိနှိုင်းခြင်း၊
(၄) ဗဟိုကော်မတီ (သို့) လုပ်ငန်းကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေး သောဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊ ညှိနှိုင်းခြင်း၊
(၅) ခွင့်ပြုချက်ရရှိသည့် ဘဏ္ဍာငွေအခြားရရှိသည့် ကူညီထောက်ပံ့ငွေနှင့် ပစ္စည်းများကို လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းဆပ်ကော်မတီ နှင့် ဒေသဆိုင် ရာ လုပ်ငန်းကော်မတီများသို့ ခွဲဝေပေးခြင်း၊
(၆) သတ်မှတ်ပေးထားသည့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊
(၇) ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ချမှတ်ခြင်း၊
(က) တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသား လူမျိုးရေး ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးခြင်း၊
(ခ ) ဒေသဖွံ့ဖြိုးရေးကို ပြန်လည်တာဝန် ထမ်းဆောင်နိုင်သည့် လူ့စွမ်းအား အရင်း အမြစ်ကောင်းများ မွေးထုတ်ပေးရန်အတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များအား အခြေခံနှင့် အဆင့်မြင့်ပညာရပ်များ သင်ကြားပေးရန် စီမံ ဆောင်ရွက်ခြင်း၊
(၈) ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူငယ်များ ဘဝနောင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာရပ်များသင်ကြားပေးသည့်ကျောင်းများထူထောင်ဖွင့်လှစ် ပေးခြင်း၊
(၉) ဖွံ့ဖြိုးရေးဒေသများတွင် ဘာသာ၊ သာသနာထွန်းကား ပြန့်ပွားစေရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း၊
(၁၀) မူးယစ်ဆေးဝါး စိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ ထူထောင်ပေးရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊
(၁၁) မူးယစ်ဆေးဝါးစိုက်ပျိုးခြင်း၊ သုံးစွဲခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းတို့ကို မပြုလုပ် စေရန် ပညာပေးခြင်း၊
(၁၂) ဖွံ့ဖြိုးရေးဒေသရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူများအား ဆေးဝါးကုသ၍ ပြန်လည် ထူထောင်ပေးရေးအတွက် အထူးစီမံချက်များ ချမှတ်ဆောင်ရွက် ခြင်း၊
(၁၃) နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး စိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၁၄) ဖွံ့ဖြိုးရေးဒေသရှိ နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ အထိမ်းအမှတ်များအား ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း၊
(၁၅) ဖွံ့ဖြိုးရေးဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အထူး ခံစားခွင့် ရှိသင့်သည့်ဒေသများ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီသို့ ထောက်ခံတင်ပြခြင်း၊
(၁၆) မိမိ၏ဆောင်ရွက်ချက်များကို လုပ်ငန်းကော်မတီသို့ တင်ပြအစီရင်ခံခြင်း၊
(၁၇) ဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပြည်ပနိုင်ငံများ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ နှင့် ပုဂ္ဂိုလ်များထံမှ အကူအညီ ရယူဆောင်ရွက် နိုင်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ
၁။ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေး ဒေသများသတ်မှတ်ခြင်း၊
၂။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများရေးဆွဲခြင်း၊
၃။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ် ပေးထားသော နှစ်တို၊ နှစ်ရှည် စီမံကိန်း များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
၄။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီက လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
၅။ နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ထောင်ပေးခြင်း-
(က) လမ်း/တံတားလုပ်ငန်း
(ခ) ရေရရှိရေးလုပ်ငန်း
(၁) စိုက်ပျိုးရေးရရှိရေး
(၂) သောက်သုံးရေရရှိရေး
(ဂ) လျှပ်စစ်ဓါတ်အားလုပ်ငန်း
(၁) ရေအားလျှပ်စစ်
(၂) ဆိုလာစွမ်းအင်စနစ်
(ဃ) သာသနာရေးလုပ်ငန်း
(င) ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်လုပ်ငန်းများ
(၁) လမ်းတံတားလုပ်ငန်း
(၂) ပညာရေးလုပ်ငန်း
(၃) ကျန်းမာရေးလုပ်ငန်း
(၄) အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း
၆။ နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသား လူငယ်များကို အခြေခံ ပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ပညာ သင်ကြား ပေးခြင်း၊
၇။ အခြေခံပညာ အထက်တန်းအောင်မြင်သည့် တိုင်းရင်းသား လူငယ်များကို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် အဆင့်မြင့် ပညာများ သင်ကြားပေးခြင်း၊
၈။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွ နေထိုင် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ များကို အပြန်အလှန် နားလည်ပြီး ရင်းနှီးချစ်ကြည်စေပြီး ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲလာစေရန် ပြူစုပျိုးထာင်ပေးခြင်း၊
၉။ နယ်စပ်ဒေသရှိတိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချူပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်း၊
၁၀။ အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် တာဝန် ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက် စေခြင်း၊
၁၁။ နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီး အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့်အသက်မွေးဝမ်းကြောင်း ပညာရပ် များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေး ခြင်း၊
၁၂။ နယ်စပ်ဒေသရှိ တိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြား ပေးခြင်း ဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး အသေးစား ကုန်ထုတ် လုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက် ပေးခြင်း၊
၁၃။ ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ချမှတ်ပေးခြင်းများ ဆောင်ရွက်ခြင်း၊
၁၄။ တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသား လူမျိုးရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးခြင်း၊
၁၅။ နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေး လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
၁၆။ မူးယစ်ဆေးဝါးစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းများ ထူထောင်ပေးရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊
၁၇။ နယ်ခြားနယ်နိမိတ်ကျောက်တိုင်များအထိမ်းအမှတ်များအား ထိန်းသိမ်းစောင့်ရှောက် ခြင်း၊
၁၈။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပြည်ပနိုင်ငံများ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် ခြင်း၊