အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံ-ပစိဖိတ် မဟာမိတ်အဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက် (၂၇-၉-၂၀၁၈ ရက်၊ နယူးယောက်မြို့)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံ-ပစိဖိတ် မဟာမိတ်အဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက် (၂၇-၉-၂၀၁၈ ရက်၊ နယူးယောက်မြို့)


Ministry of Foreign Affairs/ Nay Pyi Taw / September 27, 2018


(၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၆-၉-၂၀၁၈ ရက်၊ ဒေသစံတော်ချိန် ဝ၈၃၀ နာရီတွင် ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံ-ပစိဖိတ် မဟာမိတ်အဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေး (5th ASEAN-Pacific Alliance Ministerial Meeting) သို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး Dato Erywan Pehin Yusof နှင့် ပီရူး နိုင်ငံခြားရေးဝန်ကြီး Nestor Francisco Popolizio Bardales တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပစိဖိတ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Services (Online) - 1 items Explore more

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

Ministry of Planning and Finance / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating