Kachin State Hluttaw
State and Region Hluttaws
- Kachin State Hluttaw
- Kayar State Hluttaw
- Kayin State Hluttaw
- Chin State Hluttaw
- Sagaing Region Hluttaw
- Tanintaryi Region Hluttaw
- Bago Region Hluttaw
- Magway Region Hluttaw
- Mandalay Region Hluttaw
- Mon State Hluttaw
- Rakhine State Hluttaw
- Yangon Region Hluttaw
- Shan State Hluttaw
- Ayeyarwady Region Hluttaw
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊
(ခ) တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ် သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊
(ဂ) ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့် အထက်ရှိ ကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊
(ဃ) ပုဒ်မခွဲ (က) နှင့် ( ခ ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့် ( ဂ ) တို့အရ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်း
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော် ၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သက်တမ်းသည်လည်း ကုန်ဆုံးသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကိုကြီးကြပ်ကွပ်ကဲရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့တက် ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်း ကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊
( ဂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားလိုကြောင်း အကြောင်းကြားလျှင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေး ဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း ဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊
(င) ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ် ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်ရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များ
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များ ဆောင်ရွက်သည် -
(က) နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ပြုသောအခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပြောကြားသည့် မိန့်ခွန်းကိုမှတ်တမ်းတင်ခြင်း၊
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊
(ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။
တိုင်း/ ပြည်နယ်လွှတ်တော်ရုံးအသီးသီး၏ WEBSITE များ
-
ကချင်ပြည်နယ်
-
ကယားပြည်နယ်
-
ကရင်ပြည်နယ်
-
ချင်းပြည်နယ်
-
စစ်ကိုင်းတိုင်းဒေသကြီး
-
တနင်္လာရီတိုင်းဒေကြီး
-
ပဲခူးတိုင်းဒေသကြီး
-
မကွေးတိုင်းဒေသကြီး
-
မန္တလေးတိုင်းဒေသကြီး
-
မွန်ပြည်နယ်
-
ရခိုင်ပြည်နယ်
-
ရန်ကုန်တိုင်းဒေသကြီး
-
ရှမ်းပြည်နယ်
-
ဧရာဝတီတိုင်းဒေသကြီး