ဖိလစ်ပိုင် သံစုံအဖွဲ့ ခရစ္စမတ်အကြို ဖျော်ဖြေပွဲကျင်းပ

ဖိလစ်ပိုင် သံစုံအဖွဲ့ ခရစ္စမတ်အကြို ဖျော်ဖြေပွဲကျင်းပ


Ministry of Information/ ရန်ကုန် / December 15, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးက “A Capella Manila” ဖိလစ်ပိုင် သံစုံအဖွဲ့၏ ဖျော်ဖြေပွဲကို Himig Pasko – A Christmas Concert ကြီးမှူး၍ Sule Shangri-La ဟိုတယ်တွင် ယနေ့ည ၆ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံ အလေးပြုကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သံအမတ် Ms Stephanie Alexis Crus နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် “A Capella Manila” ဖိလစ်ပိုင် သံစုံအဖွဲ့က ဖျော်ဖြေတင်ဆက်မှုကို ဒုတိယဝန်ကြီးနှင့် ဧည့်တော်များက ကြည့်ရှုအားပေးကြသည်။

သတင်းစဉ်

Services (Online) - 3 items Explore more