အခြေခံပညာအဆင့်တွင် မြန်မာစာသင်ရိုးသစ်ဖြင့် သင်ကြားမည်

အခြေခံပညာအဆင့်တွင် မြန်မာစာသင်ရိုးသစ်ဖြင့် သင်ကြားမည်


Ministry of Information/ ရန်ကုန် / December 21, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၀

ပညာရေးဝန်ကြီးဌာနက မြန်မာ့ပညာ ရေးကို ခေတ်နှင့်လျော်ညီစွာ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိရာ အခြေခံပညာအဆင့်အတန်း အများစု မြန်မာစာကိုသင်ရိုးသစ်ဖြင့် သင်ကြားပေးနိုင်ရေး မြန်မာပညာရှင်များက သင်ရိုးသစ်များရေးဆွဲလျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ/ဌာနမှူးလည်း ဖြစ် မြန်မာစာသင်ရိုးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာ အောင်မြင့်ဦးကပြောသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ထူထောင်သည့် (၇၇) နှစ်ပြည့် အထိမ်း အမှတ် မြန်မာ စာသင်ကြားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ကျောင်းပညာ ဆရာကြီး ဒေါက်တာသန်းဦး၊ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ )တို့ အပါအဝင် မြန်မာစာပညာ ရှင်များ၊ ပါမောက္ခ/ဌာနမှူးများ၊ အခြေခံပညာအဆင့်မှ ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး မြန်မာစာအဆင့် မြှင့်တင် သင်ကြားရေးဆိုင်ရာ စာတမ်းများဖတ်ကြားကြသည်။

"အခြေခံပညာနဲ့ ပတ်သက်ပြီး တော့ မူလတန်းနဲ့အလယ်တန်း မြန်မာစာဖတ်စာအုပ်တွေကို ပြုစု နေပါ တယ်။ အခုမြန်မာစာ ဖတ်စာအုပ်နဲ့ပတ်သက်ပြီး ပထမတန်း နှင့် ဒုတိယတန်း မြန်မာစာဖတ်စာအုပ်တွေကို ပြုစုပြီးသွားပါပြီ။ လက်ရှိသင်ကြားနေပါပြီ။ လာမယ့် ပညာသင်နှစ် မှာတော့ တတိယတန်းနဲ့ ဆဋ္ဌမတန်း တွေကို သင်ကြားဖို့ သင်ရိုးသစ်ကိုရေး ဆွဲနေပါပြီ။ လာမယ့်နှစ်မှာ စတုတ္ထတန်း၊ သတ္တမတန်းနဲ့နဝမတန်း တွေအတွက် မြန်မာစာဖတ်စာ သစ်သင်ရိုးကို တစ်ပြိုင်တည်း ပြုစုသွားမှာ ဖြစ်ပါတယ်။ အခြေခံအဆင့်တွေပြီးရင် တက္က သိုလ်အဆင့်မှာလည်း မြန်မာစာသင်ကြားရေးအဆင့်မြှင့်တင်သွားဖို့ ဆက်လက်ဆောင် ရွက်သွား မှာဖြစ်ပါ တယ်"ဟု ဒေါက်တာအောင်မြင့်ဦးကပြောသည်။

အဆိုပါ မြန်မာစာသင်ကြားရေးဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ဆရာကြီး ဦးဖေမောင်တင်နှင့် မြန်မာသဒ္ဒါ သင်ကြားရေး၊ တက္ကသိုလ်အဆင့် မြန်မာစာ သင်ကြားရေးဆိုင်ရာ ပြဿနာများ၊ အခြေခံပညာအထက် တန်းအဆင့် မြန်မာစာသင်ကြားရေးကို သင်ပြနည်းရှုထောင့်မှ လေ့လာခြင်း၊ ဇာတကဝတ္ထုတိုများ လေ့လာချက်၊ အသုံးကျသော အသုံးချ မြန်မာစာ သင်ကြားရေး၊ ရသစာပေ သင်ကြားရေး၊ စကားပြေသင်ကြားရေး အခြေခံပညာ ကျောင်းများနှင့် စာစီစာကုံးပြဿနာ၊ သင်ရိုးသစ် အခြေခံအဆင့် မြန်မာစာသင်ကြား ရေး စသော အကြောင်း အရာများကို ပါမောက္ခ /ဌာနမှူးများ၊ ကထိကများက ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက် အထိ ဆွေး နွေးကြမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်စိုး

Services (Online) - 5 items Explore more

testing

Office of the Auditor General of the Union / June 23, 2022

Rating

Payment Gateway

Ministry of Planning and Finance / June 20, 2022

Tax Via Payment Gateway and e-Services

Rating

Online Phone Billing System

Ministry of Planning and Finance / April 19, 2018

Rating