E-Participation ဟုဆိုရာတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မှုပင်ဖြစ်ပြီး  ပွင့်လင်းမြင်သာ၍ ပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်သော အုပ်ချုပ်မှုပုံစံဖော်ဆောင်နိုင်ခြင်းကို မြှင့်တင်ပေးခြင်းပင်ဖြစ်ပါသည်။

ယခု page တွင် e-Participation ၏ အခန်းကဏ္ဍတွင် ပါဝင်သည့် Polls & Survey, blogs, discussions & feedback အခန်းကဏ္ဍများကို ထည့်သွင်ပေးထားပါသည်။ 

ပြည်သူလူထုများထံမှ မဲဆန္ဒများ၊ စစ်တမ်းများ၊ ဆွေးနွေးချက်များ၊ နှင့် အကြံပြုချက်များ ကောက်ယူခြင်းဖြင့် အစိုးရနှင့် ပြည်သူလူထုကြားရှိ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုကို ပိုမိုတိုးတက် မြင့်မားစေမည်ဖြစ်ပါသည်။ ထို့ပြင် ပြည်သူလူထုမှ ဝင်ရောက်ဆွေးနွေးးညှိနှိုင်းအဖြေရှာနိုင်ပြီး သိရှိလိုသည့် ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များကို စုံစမ်းသိရှိနိုင်မည်ဖြစ်သည်။

ဤ page ကို အကောင်အထည်ဖော်ရခြင်းမှာ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို  ပြည်သူလူထုမှ အလွယ်တကူ ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်စေရန်နှင့် မူဝါဒများ ချမှတ်ရာ၌လည်း ပြည်သူလူထုမှ ပါဝင်၍ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူတစ်ဦးတစ်ယောက်မှစ၍ လူမှုအသိုက် အဝန်းအတွက်ပါ အကျိုးရှိစေရန်ရည်ရွယ်ပါသည်။