ဘားအံမြို့တွင် ပြည်နယ်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 27, 2019


ဘားအံ - မေ(၂၅)
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသားအဆင့် မှုခင်ကြိုတင်ကာကွယ်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၄) ရက်နေ့၊ မွန်းလွဲ(၁)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
 ပြည်နယ်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနာယက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်အမှာစကားပြောကြားရာတွင် မှုခင်းကျဆင်းရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးစီးမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မှုခင်းကျဆင်ရေး စီမံချက်သည် အများနဲ့ဆိုင်သောကိစ္စဖြစ်သောကြောင့် ပြည်သူ၊ ဌာနဆိုင်ရာ၊ လူမှူအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
 ဆက်လက်၍ ပြည်နယ်အဆင့်မှုခင်းကြိုတင်ကာကွယ်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး ပြည်နယ်အဆင့်မှုခင်းကြိုတင်ကာကွယ်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာ(၂၀၁၈-၂၀၂၀)ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်နယ်အဆင့် မှုခင်းကြိုတင်ကာကွယ်ရေးစီမံချက်အား ရှင်းလင်းတင်ပြသည်။
 ထို့နောက် တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှူအဖွဲ့အစည်းများက မူခင်းကြိုတင်ကာကွယ်ရေးတွင် ပူပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အချက်အလက်များအား ဆွေးနွေးတင်ပြကြကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းဖြင့် (၂၀)ရာခိုင်နှုန်းသာအောင်မြင်မည်ဖြစ်ပြီး ပြည်သူနှင့် ဌာနဆိုင်ရာများ၊ အရပ်ဖွဲ့လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ (၁၀၀)ရာခိုင်နှုန်းအောင်မြင်မည်ဖြစ်သောကြောင့် အကောင်အထည်ဖော် ညှိနှိုင်းကြခြင်းဖြစ်ကြောင်း သိရသည်။