အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား လက်ခံတွေ့ဆုံ


Ministry of International Cooperation/ Nay Pyi Taw / May 23, 2019


(၂၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi အား ၂၃-၅-၂၀၁၉ ရက်၊ ၁၆၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် UNDP နှင့် UNHCR တို့ ဆောင်ရွက်နေသည့် အသေးစား စီမံကိန်းများကို အရှိန်အဟုန်တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စ၊ National Verification Card ထုတ်ပေးရေး၊ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည့် စိန်ခေါ်မှုများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ မြန်မာနိုင်ငံအစိုးရက ရေးဆွဲနေသည့် ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေး မဟာဗျူဟာ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင်ရေး၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်ပို့ဆောင်ရေးတွင် UNHCR မှ ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများ စသည်တို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။