အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာရှဖောင်ဒေးရှင်း အဖွဲ့အစည်း၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံခြင်း


Ministry of International Cooperation/ Nay Pyi Taw / May 23, 2019


(၂၃-၅-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အာရှဖောင်ဒေးရှင်းအဖွဲ့အစည်း၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Matthew B. Arnold အား ၂၃-၅-၂၀၁၉ ရက်၊ ၁၅၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ယခင်နှစ်အတွင်း အာရှဖောင်ဒေးရှင်းအဖွဲ့အစည်းမှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သံတမန်ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော လုပ်ငန်းများ၊ ပြုစုတင်ပြခဲ့သော သုတေသနစာတမ်းများနှင့်ပတ်သက်၍ လည်းကောင်း၊ အနာဂတ်ကာလတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းနှင့် စပ်လျဉ်း၍ အာရှဖောင်ဒေးရှင်းမှ ဆက်လက်ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။