(၁၃) ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင်ဆွေးနွေးပွဲအခမ်းနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်မိန့်ခွန်းပြောကြား


Ministry of Immigration & Population/ နေပြည်တော် / May 27, 2019


ရန်ကုန်မြို့ မေ လ ၂၅ ရက်

 အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ (၁၃) ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မေလ ၂၅ ရက်နေ့ နေ့လည် ၁၃:၀၀နာရီ တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ Liaison Officer ဖြစ်သူ Mr. Rory Mungovenနှင့် (ILO) ရန်ကုန်ရုံးမှကိုယ်စားလှယ်များ  အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက် ခဲ့ပြီးအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အမှာစကားပြောကြားရာ၌ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍများအနက် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့သည် ဆက်စပ်လျက်ရှိပြီး တည်ငြိမ်အေးချမ်းသောလုပ်ငန်းခွင် တစ်ရပ်ဖြစ်ရန် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအားလုံး စုစည်းညီညွတ်ရေးသည် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ယခုသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲသည် အလုပ်သမားရေးရာ ကိစ္စရပ်များကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များကြားအပြန်အလှန်အသိအမှတ်ပြုပြီးတရားဝင်ပွင့်ပွင့်လင်းလင်းညှိနှိုင်း ဆွေးနွေးခွင့်ရသောကြောင့်များစွာ အကျိုးသက်ရောက်မှုရှိစေပါကြောင်း။ ဥပဒေနှင့်အညီ အလုပ်ရှင် နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းသည် နှစ်ဦး နှစ်ဖက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုရရှိပြီး လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် အထောက်အကူဖြစ်စေသော ကြောင့်အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးနှစ်ဖက်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါ ကြောင်း။

ယနေ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ILO မှအဆိုပြုထားသည့် အလုပ်သမားရေးရာဥပဒေပြုပြင် ပြောင်းလဲရေး၊ ILO ရာပြည့်အထိမ်းအမှတ်အနေနှင့် Core Convention တစ်ခုလက်ခံကျင့်သုံးရေး၊ ၁၀၈ ကြိမ်မြောက် ILC ညီလာခံတွင် ဆွေးနွေးမည့်Centenary Outcome Document၊ Violence and Harassment in World of Work(ကမ္ဘာ့အလုပ်လောကမှာအကြမ်းဖက်မှုနှင့် နှောင့်ယှက် မှုများမရှိစေရေး)နှင့် Committee on Application of Standards တို့နှင့်ပတ်သက်ပြီး အပြု သဘောဆောင် ဆွေးနွေးရန်လိုပါကြောင်း။

အလုပ်သမားရေးရာဥပဒေပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်သင့်သည့် ဥပဒေများနှင့် အသစ်ပြဌာန်းမည့် ဥပဒေများကို သုံးပွင့်ဆိုင်နည်းပညာလုပ်ငန်း အဖွဲ့များဖွဲ့စည်းပြီး ကနဦးဆွေးနွေးခြင်း၊ ဌာနတွင်းဆွေးနွေးခြင်း၊ အမျိုးသားအဆင့်တွင်ဆွေးနွေးခြင်း များဆောင်ရွက်လျက်ရှိပါကြောင်း။

Centenary Outcome Document တွင် အပိုင်း ၅ပိုင်းပါဝင်ပြီး ILO နှင့်အဖွဲ့ဝင်နိုင်ငံများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုမှုနှင့်အတူ အနာဂတ်အလုပ်အကိုင်အတွက် လူသားဗဟိုပြုချဉ်းကပ်မှုနဲ့ အဖွဲ့ဝင်နိုင်ငံများက သုံးပွင့်ဆိုင်အခြေခံမူနှင့် နိုင်ငံလိုက်သာမက နိုင်ငံ အချင်းချင်းစုပေါင်းဆောင်ရွက်နိုင်ရန်တိုက်တွန်းထားတာဖြစ်၍ ကောင်းမွန်သည့်documentတစ်ခု ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း။

ယနေ့အစည်းအဝေး တက်ရောက်လာကြသည် ကိုယ်စားလှယ်အားလုံးကို အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေး အတွက် ၂၀၀၂ ခုနှစ်မှစတင်၍ Liaison Officer ခန့်အပ်ခြင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်ကြားမှုယန္တရား ထူထောင်ကာ အဓမ္မ ခိုင်းစေမှုတိုင်ကြားချက်များကို ILO နှင့်ပူးပေါင်းဖြေရှင်းခြင်း၊ အဓမ္မခိုင်းစေမှုပပျောက်ရေးပူးတွဲ မဟာ ဗျူဟာအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကိုအင်တိုက်အားတိုက်ဆောင်ရွက် ခဲ့သည်မှာ ဆယ်စုနှစ် (၂)ခု နီးပါး ကြာမြင့်နေပြီဖြစ်ပါကြောင်း။

ဇွန်လအတွင်းကျင်းပမယ့် (၁၀၈) ကြိမ်မြောက် ညီလာခံရဲ့ စံများလိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီ (Committee on the Application of Standards) မှာ မြန်မာနိုင်ငံမှ အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရန် လျာထားစာရင်းတွင် သည်ကိုသိရှိရပါကြောင်း။

ILO နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ SU သက်တမ်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်ဆုံးခဲ့သော် လည်း နိုင်ငံအဝှမ်းအဓမ္မခိုင်းစေမှုပပျောက်ရေး SU သက်တမ်းကုန်ဆုံးချိန်တွင် ILO နည်းပညာ အကူအညီရယူ၍ သုံးပွင့်ဆိုင် ပူးပေါင်းရေးဆွဲထားသော Decent Work Country Programme (2018-2021)အရ အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ မိမိနိုင်ငံအစီအစဉ် ဖြင့် တိုင်ကြားမှုယန္တရား ထူထောင်ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားမှုယန္တရား မထူထောင်မီ ကြားကာလတွင် တိုင်ကြားလာသည့်အမှုများကို အလုပ်သမားရေးရာပူးပေါင်းဆောင် ရွက်ရေးကော်မတီ(HLWG) မှ ဖြေရှင်းပေးသွားမှာဖြစ်ပါကြောင်း။ ထိုဆောင်ရွက်ချက်သည် ILO ကျွမ်းကျင်သူများ ကော်မတီက တိုက်တွန်းချက်ကြောင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အဓမ္မခိုင်းစေမှုပ ပျောက်ရေးကိုနိုင်ငံ၏ရေရှည်အကျိုးအတွက် အလေးထားစဉ်းစားဆောင်ရွက်ခဲ့တာဖြစ်၍အလုပ်ရှင်၊ အလုပ်သမားများက ယုံကြည်ချက်အပြည့်နှင့်စိတ်တူကိုယ်တူ  ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ဆွေးနွေးမယ့်အစီအစဉ်များတွင် လည်းတက်ရောက်လာသူများအနေ ဖြင့်အလုပ်သမားထုနှင့်နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှုပြီးအပြုသဘောနှင့် ရလာဒ်ကောင်းများ ရရှိအောင် ပူးပေါင်းပါဝင်ဆွေးနွေးကြဘို့ ဖိတ်ခေါ်ရင်းတိုက်တွန်း ပြောကြား လိုပါကြောင်းပြောကြား ခဲ့ပါသည်။

ထို့နောက် အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven မှနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အလုပ်သမားရေးရာ   ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြကြောင်းသတင်းရရှိပါသည်။