အစိုးရသစ် ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဆဋ္ဌမအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ

နိုင်ငံသား





အစိုးရသစ် ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဆဋ္ဌမအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ


/ August 24, 2018

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဆဋ္ဌမအကြိမ်  သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆)

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်းက ရက် ၁၀၀ အတွင်း လုပ်ငန်းစဉ် လေးခု ဆောင်ရွက်ခဲ့ပါကြောင်း၊ စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆) ကို ရန်ကုန်မြို့တွင် ကျင်းပခြင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အကြီးစား နှင့် အလယ်အလတ်စား အခွန်ထမ်း ကုမ္ပဏီများ၏ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်း စံများကို လိုက်နာ ကျင့်သုံးမှုအခြေအနေအား အစီရင်ခံ တင်ပြခြင်း၊ အစိုးရ ကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရငွေစာရင်း ထားနည်းစနစ်အား ငွေသားစီးဆင်းမှု အခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့်ဆင့် ကူးပြောင်း ဆောင်ရွက်ခြင်းနှင့် ပုံမှန် စစ်ဆေးရေးအစီအစဉ်လုပ်ငန်း ရပ်များကို တင်ပြခြင်းတို့ဖြစ်ပါကြောင်း။

 

နမူနာကောက်ရွေးချယ်နည်း

စာရင်းနှင့်စာရင်းစစ်ပြပွဲကို ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်မြို့)၌ ကျင်းပခဲ့ပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ် အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်း စံများလိုက်နာ ကျင့်သုံးမှု အခြေ အနေကို အစီရင်ခံ တင်ပြရန် International Financial Reporting နှင့်ပတ်သက်၍ ဆောင်ရွက်နေ ပါကြောင်း၊ GIZ ဂျာမန် ကုမ္ပဏီကလည်း အထောက်အပံ့ပေးနေပါကြောင်း၊ ဆန်းစစ် မေးခွန်းလွှာများပြုစု၍ ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ်အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ လိုက်နာ ကျင့်သုံးမှု အခြေအနေကို နမူနာ ကောက်ရွေးချယ်နည်းဖြင့် ရွေးချယ်ကာ လေ့လာစိစစ်သုံးသပ်မှု ပြုလုပ်မည်ဖြစ်ပါကြောင်း။

 

ပွင့်လင်းမြင်သာမှု အားနည်း

အစိုးရကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရ ငွေစာရင်းထားနည်းစနစ်အား ငွေသား စီးဆင်းမှုအခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့် ဆင့်ကူးပြောင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ နိုင်ငံတကာ နှင့်ယှဉ်ပါက နိုင်ငံတွင် ပွင့်လင်းမြင်သာမှု အားနည်းနေ ပါကြောင်း၊ ဒီအစိုးရလက်ထက်တွင် စွန့်စွန့်စားစားနှင့် မှတ်တိုင်တစ်ခုဖြစ်အောင် ကျင့်သုံးရန်ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြား သည်။

အထူးမွမ်းမံသင်တန်းများအား ရပ်စဲခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဗယ်လင်တိုင်းက ရက် ၁၀၀ အတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင် သည့် ဥပဒေထုတ်ပြန်နိုင်ရေး၊ နည်းဥပဒေများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြန်တမ်းဝင်အရာရှိ ဝင်ပေါက် ရာထူး ရေးဖြေစာမေးပွဲမေးခွန်း ပုံစံပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ် လျက် ရှိသော ပုံမှန် သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများနှင့်စပ်လျဉ်း၍ သင်ကြားမှုပုံစံများ ပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်း များနှင့် ဘာသာရပ်ပို့ချချက်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ သင်ရိုးဇယားနှင့် သင်ရိုးညွှန်းတမ်းများအား သုံးသပ်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် Civil Services Academy (CSA) များကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်း အကယ်ဒမီတည်ထောင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ဗဟို ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ဟု အမည် ပြောင်းလဲ ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်း တံဆိပ်များသည် ခေတ်ကာလအားဖြင့် လျော်ညီမှုမရှိတော့ခြင်းကြောင့် တက္ကသိုလ်အမှတ်အသား Logo တံဆိပ်အသစ်၊ ဆောင်ပုဒ်အသစ်များ ပြင်ဆင်သတ်မှတ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်နေသော ဒုတိယညွှန်ကြားရေးမှူး ၊ ညွှန်ကြားရေးမှူးများ၏ အကဲဖြတ် မှတ်တမ်းနှင့် ရာထူး တိုးမြှင့်ပေးရန် တန်းစီဇယားများ စုစည်းစိစစ်ခြင်း၊ အခြေခံဆရာ ဆရာမများ၊ တက္ကသိုလ် ကောလိပ်ဆရာ ဆရာများအတွက် (အထူးမွမ်းမံသင်တန်း များအားရပ်စဲခြင်း) တို့ဖြစ်ကြောင်း။

 

နှစ်ပြည့်ပင်စင်ခံစားခွင့်ရှိ

နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်နိုင်ရေးကိစ္စအတွက် ပြင်ဆင်ရမည့် ပုဒ်မများမှာ ပုဒ်မ ၅၈ မူလက “ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့်သေးသော်လည်း အငြိမ်းစား ယူနိုင်ခွင့် ရှိသည့် လုပ်သက်ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့် ရှိသည် အစား “ဝန်ထမ်းသည် အငြိမ်းစားယူရမည့်အသက် မပြည့်သေးသော်လည်း လုပ်သက် နှစ် ၃၀ ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည် ဟူ၍ ဖြစ်ကြောင်း၊ ပုဒ်မ ၆၂ အနေဖြင့် မူလက “အသက် ၅၅နှစ် ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် အငြိမ်းစားယူနိုင်ခွင့် ရှိသည့် လုပ်သက် နှစ် ၃၀ ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့် တောင်းခံလာပါက ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းပယ်ခြင်း မပြုရ ဆိုတဲ့စကားရပ်အစား “ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင် ခံစားခွင့်တောင်းခံသည့်အခါ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ ဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထောက်ပံ့ကူညီရေးဖွင့်လှစ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်တို့က ရက်ပေါင်း ၁၀၀ အတွင်း လုပ်ငန်းစဉ် ၁၃ ခု ချမှတ်ခဲ့ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခြောက်ခု ပါဝင်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနနှစ်ခုကို ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွင့်လှစ်ရန်ဆောင်ရွက်ခဲ့ပြီး ပုသိမ်မြို့၌ ဇူလိုင် ၁၆ ရက်နှင့် စစ်တွေမြို့၌ ဇူလိုင် ၂၉ ရက်တို့တွင် ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း။

More Detail



မေးလေ့ရှိသောမေးခွန်းများ