ကရင်ပြည်နယ်အစိုးရအဖွဲ့


Kayin State Government / June 28, 2022

Myanmar Post


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / JUNE 28, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊    မြန်မာ့စာတိုက်လုပ်ငန်းမှ အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၂  ခုနှစ်၊ ဧပြီလ(၂၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလကွယ်နေ့ (သောကြာနေ့)၊ နံနက် (၀၉:၃၀) နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉) ရက်၊ (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ပါသည်။



FAQs