RT(ကုန်းလမ်းပို့ဆောင်ရေး)

Ministry of Transport and Communications | Jun 28, 2022

အဖွဲ့၏တာဝန်ဝတ္တရားများ

အဖွဲ့မှာ အစိုးရ၏ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အစိုးရကလွှဲအပ်ပေးသော မည်သည့်ဒေသ၊ မြို့နယ်၊ ခရိုင်၊ မြူနီစီပါယ်နယ်နိမိတ်တွင်မဆို မော်တော်ယာဉ်များဖြင့် ခရီးသည်များ သို့မဟုတ် ကုန်စည်များ သို့မဟုတ် ခရီးသည်နှင့်ကုန်စည်နှစ်မျိုးလုံး သယ်ယူပို့ဆောင် ရေး လုပ်ငန်းအားလုံးကို ယေဘုယျအားဖြင့် ဆောင်ရွက်ရန် တာဝန်ရှိရမည်။ ထို့ပြင်အဖွဲ့သည် ဤဥပဒေအရ မိမိ၏ တာဝန်ဝတ္တရားများကို နည်းလမ်းတကျ ဆောင်ရွက်ရန်လိုအပ်သောသို့မဟုတ်သင့်တော်သောအခြားလုပ်ငန်းဆောင်တာ များ ကိုလည်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

အထက်ပါပြဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ ၊အထူးအားဖြင့် အဆိုပါတာဝန်ဝတ္တရားများတွင် အောက်ပါ တို့လည်းပါဝင်ရမည် -

မည်သည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး မော်တော် ယာဉ်၊စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာ၊ မော်တော် ယာဉ်ထားသောရုံ၊ ပစ္စည်းထားသိုရေးရုံ၊ ပြင်ဆင်ထိန်း သိမ်းသောအလုပ်ရုံနှင့် ပစ္စည်းတပ်ဆင်သော အလုပ်ရုံကို မဆိုဝယ်ယူခြင်း၊ဆောက်လုပ်ခြင်း၊ငှားရမ်းခြင်း၊ ရောင်းချ ခြင်း သို့မဟုတ် ထုခွဲခြင်း ။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ အစိုးရကလွှဲအပ်ပေး သည့် ကုန်းလမ်း ခရီးစဉ်များတွင် မော်တော်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ထို့ပြင် မည့်သည့်ဒေသနှင့် ခရီးစဉ်တွင်မဆို အလည် အပတ် ခရီးထွက်သူများ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ် ရေး၊ ခရီးသွား လာရေး အတွက် စီစဉ်ပေးခြင်း။

ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၏ အထောက် အပံ့ဖြစ်သော အခြားစပ်ဆိုင်ရာ လုပ်ငန်းမျိုးတခုခုကို စီမံထားရှိခြင်း။

လူစီးခများ၊ ကုန်တင်ခများနှင့် အခြားအခကြေးငွေများ ကို အခြားတရား ဥပဒေပါ ပြဌာန်းချက်များနှင့် တိုက်ဆိုင် ညှိနှိုင်းလျက် သတ်မှတ်ခြင်း၊ သို့မဟုတ် ပြင်ဆင်ခြင်း။

ယေဘုယျအားဖြင့် ဤဥပဒေကိစ္စများကို ဆောင်ရွက် ခြင်း။


C

Creator_MoSWRR_2

1 Year Ago

<img/src/onerror=prompt(8)>

0 0
Reply