ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

နောက်ခံသမိုင်းကြောင်း

၁။ ပဲခူးတိုင်းတွင်ယခင်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နှင့် တောင်ငူခရိုင်ဟူ၍ခရိုင်(၆)ခုပါဝင်ခဲ့ပါသည်။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်မှု စီမံကိန်းအရ ပြည်နယ်/တိုင်းနှင့်ခရိုင်များ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်ဖြင့်ပင် ဆက်လက်တည်ရှိခဲ့ပါသည်။ ပြည်ထဲရေးဌာန၏(၂၉.၉.၁၉၆၅) ရက်စွဲဖြင့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ် (၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မှော်ဘီမြို့တွင် ခရိုင်ရုံးစိုက်ခဲ့ပါသည်။

၂။ ပြည်ထဲရေးဌာန၏(၂၆.၁၀.၁၉၆၅)ရက်စွဲဖြင့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်ဖြင့် လည်းကောင်း၊ (၄.၁၁.၁၉၆၅)ရက်စွဲဖြင့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ် (၆)မြို့နယ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်ကိုမြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်ဖြင့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟုသတ်မှတ်ခဲ့ရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉) မြို့နယ်ပါဝင်ခဲ့ပါသည်။

၃။ (၂၀.၆.၁၉၇၂)ရက်စွဲဖြင့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နှင့် ဟံသာဝတီခရိုင်တို့ကို ရန်ကုန်တိုင်း အတွင်းထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နှင့်မြို့နယ်(၂၈)မြို့နယ် ကျန်ရှိခဲ့ ပါသည်။ ထို့နောက်ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၃.၈.၁၉၇၂)ရက်စွဲဖြင့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့ပါသည်။နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်၏ တိုင်းတစ်ခုအဖြစ်ဆက်လက် တည်ရှိခဲ့ပါသည်။

၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်(၁၈.၁၀.၁၉၈၉)ရက်နေ့တွင် ပြည်နယ် နှင့် တိုင်းများအလိုက်မြို့နယ်စုများ သတ်မှတ်ဖွဲ့စည်းရာ၌ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနှင့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဟူ၍ မြို့နယ်စု(၄)စု ပါဝင်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၇.၁၀.၁၉၉၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့နယ်စုများ၏အမည်ကို ခရိုင်ဟုပြင်ဆင်သတ်မှတ်ခဲ့ ပါသည်။ လက်ရှိပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄)ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၄၂)မြို့၊ ရပ်ကွက်(၂၈၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၈)အုပ်စု၊ ကျေးရွာ (၆၄၉၅)ရွာ ဖြင့် ဖွဲ့စည်းထားရှိပါသည်။

ရည်မှန်းချက်

၁။ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှချမှတ်ထားသော ရည်မှန်းချက်နှင့်အညီ တိုင်း​ဒေသကြီးအတွင်း တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ စိုက်ပျိုးမှု၊ ဖြန့်ဖြူးမှုရောင်းချမှု မရှိစေရေးနှင့်သုံးစွဲမှုများကို တားဆီးနှိမ်နင်ရေး၊ ကျေးလက်ဒေသ နှင့်မြို့ပြဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေ​ရေးစသည့် ရည်မှန်းချက်များကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မူဝါဒ

၁။ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်မှချမှတ်ထားသော အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် မူဝါဒ(၄)ရပ်ကို အခြေခံသည့် တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲပြီး အပြီးသတ်ငြိမ်းချမ်းမှုရရှိရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ပြည်သူလူထုအများစု၏ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား မူဝါဒချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဖွဲ့စည်းပုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ခ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ "ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့" ကို ဝန်ကြီးချုပ် ဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၇)ပါး၊ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပါသည်-

  • ဦး၀င်းသိန်း တိုင်းဒေသကြီး၀န်ကြီးချုပ်
  • ဗိုလ်မှူးကြီးလှမျိုးရွှေ ၀န်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဌာန
  • ဦးညွန့်ရွှေ ၀န်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန
  • ဦးအောင်ဇော်နိုင် ၀န်ကြီး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန
  • ဒေါ်ညွန့်ညွန့်ဌေး ၀န်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေး၀န်ကြီးဌာန
  • ဦးသန်း၀င်း ၀န်ကြီး၊စက်မှုလျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာန
  • ဒေါက်တာစောညို၀င်း ၀န်ကြီး၊ သယံဇာတ၊ သစ်တောနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန
  • ဒေါ်နော်ပွယ်စေး ၀န်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီးဌာန
  • ဦးအုန်းမြင့် တိုင်းဒေသကြီးဥပဒေချုပ်၊
  • ဦးတိုး၀င်း အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့
အထူးသတင်း
  • သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့ကျ‌စေရန် အသိပညာ‌ပေး ပိုစတာစိုက်ထူ
  •           
  • ကြိုးနီ စနစ်ဖယ်ရှား၊ နည်းပညာပြောင်းလဲ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ ဖြေလျှော့
  •           
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
  •           
  • စမ်းသပ်ခြင်း
  •           
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
  •           
  • မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်
  •